အားလုံးမင်္ဂလာပါရှင်။
ဒီနေ့ဟာ သင်တန်းရဲ့ ပထမဆုံးရက် ပထမဆုံးသင်ခန်းစာကို လေ့လာဖို့ ဖြစ်ပါတယ်။
ပထမဆုံးဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးပဲ လေ့လာကြပါစို့။
အင်္ဂလိပ်စာ အခြေခံတန်းဆိုတော့ အခြေခံကျကျ အေဘီစီ ကပဲ စတင်လိုက်ပါမယ်။
အားလုံးရတဲ့ အေဘီစီ ၂၆ လုံးမှာ အသံထွက်မှန်ကန်ဖို့က အသက်တမျှအရေးကြီးပါတယ်။ မြန်မာလူမျိုးအများစုက ငယ်စဉ်ကတည်းက မပီကလာ ပီကလာ ကလေးဆန်ဆန် အသံထွက်ခဲ့တာလေးကို ကြီးတဲ့အထိ အသံမှန်တယ်လို့ ထင်နေတုန်းပါပဲ။ အထင်သေးလို့ပြောခြင်း မဟုတ်ရပါဘူး။ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ ရှိတဲ့ ဆရာ ဆရာမတချို့ထိတောင် အသံထွက်မှန်အောင် မကြိုးစားတော့တာ တွေ့ကြုံဖူးပါတယ်ရှင်။ ကျွန်မတို့နိုင်ငံမှာ ပညာရေးမကောင်းခဲ့တာ လက်ခံရမှာပါ။ ကျောင်းတွေမှာ အရန်ဘာသာစကားအဖြစ် အင်္ဂလိပ်စာတစ်မျိုးတည်းပဲ သင်တာတောင်မှ အင်္ဂလိပ်စာ ညံ့ကြပါတယ်။ ဒါကြောင့် ကျောင်းပြင်ပသင်တန်းတွေ တက်လို့မပြီးနိုင်ဖြစ်နေကြတာပါ။
ဟုတ်ကဲ့။
ပြောချင်တာက အေဘီစီ အသံထွက်မှာ လူအများစု လိုအပ်ချက်တွေရှိနေပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ အေဘီစီ ၂၆လုံး အသံထွက်မှန်မှသာ အင်္ဂလိပ်စကားပြောပီသပြီး အသံထွက်ကောင်းတယ်လို့ ချီးမွမ်းခံရပါမယ်။ ခု video ဖိုင်လေးထဲကအတိုင်း အသံထွက်ကို တုပပြီး ရှေ့လျှောက် ရဲရဲဝံ့ဝံ့ အသံထွက်ပါတော့ လို့
အကြံပေးချင်ပါတယ်ရှင်။
တစ်နေ့နည်းနည်းနဲ့ အလုပ်လည်းမပျက်အောင်လေ့လာသွားကြပါစို့။
အားလုံးကိုကျေးဇူးတင်ပါတယ်။

မှတ်ချက်//
၁။ ဒီ post ကို like မပေးပါနဲ့။
၂။ ၂၄ နာရီအတွင်း လေ့လာပါ။
၃။ comment မှာ မိမိလေ့လာဖတ်ရှုပြီးတဲ့ အချိန်ကို ရေးပေးရပါမယ်။(ဥပမာ-2:30pm./မြန်မာစံတော်ချိန်မဟုတ်ရင် နိုင်ငံအမည်အတိုကောက်ထည့်ပေးပါ။)
၎။ သင်ခန်းစာပို့စ်များကို စာအုပ်ထဲ ကူးရေးထားနိုင်ပါတယ်။ save ထားနိုင်ပါတယ်။ screenshot လုပ်ပြီးလည်း သိမ်းထားနိုင်ပါတယ်။ download ဆွဲသိမ်းနိုင်ပါတယ်။
၅။ သင်တန်းကာလအတွင်း copy. screen shot စသည်လုပ်၍ တခြားမှာ share ခြင်း ခွင့်မပြုပါ။

No comments:
Post a Comment