Monday, 18 February 2019

Basic English ဆိုတဲ့ သင်တန်းIcon လေး ဖုန်းရဲ့ home screen



မင်္ဂလာပါခင်ဗျာ။

သင်ခန်းစာမဟုတ်ပါဘူး။
ဒီသင်တန်းက ပို့ချတဲ့ သင်ခန်းစာတွေကို နေ့စဉ်အလွယ်တကူ ဝင်ရောက်လေ့လာလို့ရမယ့် နည်းလေး ညွှန်ပြချင်ပါတယ်။
အောက်ပါ ပုံသုံးပုံထဲကအတိုင်း လုပ်ထားပေးပါ။
Basic English ဆိုတဲ့ သင်တန်းIcon လေး
ဖုန်းရဲ့ home screen မှာထားပြီး နေ့စဉ်တိုက်ရိုက်ဝင်လေ့လာလို့ ရပါလိမ့်မယ်။ နေ့စဉ်သင်ခန်းစာတွေကို မိမိရဲ့ news feed ဆီ
တက်လာအောင် မစောင့်ပဲ ခုလိုလေးလုပ်ပြီး ဝင်လေ့လာရတာပိုအဆင်ပြေပါတယ်ခင်ဗျာ။
အားလုံးဒီနည်းလေး လုပ်ထားစေချင်ပါတယ်။

#မှတ်ချက်
ဒီနည်းလေးအဆင်ပြေဖို့အတွက်
မိမိဖုန်းထဲက Facebook ဆော့ဝဲလ်ဟာ နောက်ဆုံး ဗားရှင်းဖြစ်အောင် update လုပ်ဖို့လိုပါလိမ့်မယ်။
Add to Home Screen သုံးချင်ပေမယ့်
အဆင်မပြေဘူးဆိုရင် ပြောပြအကြံဥာဏ်တောင်းယူနိုင်ပါတယ်။ iOs တွေ အဆင်မပြေဖြစ်တတ်ပါတယ်။ တချို့ MI ဖုန်းတွေမှာ Home screen တစ်ထပ်တည်းမို့ ဒီနည်းလေးနဲ့ icon ထားမရဘူးလို့သိရပါတယ်။

ဒီနည်းလေးတိုင်း မလုပ်ထားချင်ဘူး ဒါမှမဟုတ် လုပ်မရခဲ့ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူးခင်ဗျ။
သင်ခန်းစာတင်တဲ့ ဒီ groupထဲကို Link နှိပ်ပြီး ဝင်တတ်ရင်အဆင်ပြေပါပြီ။
Icon လေးလုပ်လို့ရတဲ့သူကော မရတဲ့သူကော ဒီပို့စ်အောက်မှာ (အဆင်ပြေပါတယ် or မပြေဘူး)ကိုcomment လေး ရေးပေးပါခင်ဗျာ။
အားလုံးအဆင်ပြေပါစေ။

No comments:

Post a Comment