Wednesday, 13 February 2019

အပိုင်း (၁)အခြေခံအင်္ဂလိပ်စာ

Eight Parts of Speech
ဝါစင်္ဂ (၈) မျိုး
********
1.Noun            =N            =နာမ်
2.Pronoun       =Pro       =နာမ်စား
3.Adjective      =Adj       =နာမဝိသေသန
4.Verb              =V          =ကြိယာ
5.Adverb          =Adv     =ကြိယာဝိသေသန
6.Preposition  =Prep    =ဝိဘတ်
7.Conjunction =Conj    =အဆက်စကား
8.Interjection   =Inter   =အာမေဍိတ်
*******

ရှင်းလင်းချက်​။ ။ Eight parts of speech ဆိုတာ မြန်​မာလို ဝါစင်္ဂ ၈ ပါးကို ​ပြောတာ၊  ဝါစင်္ဂ ၈ ပါးဆိုတာ စကား၏ အင်္ဂါ/ စကား၏အစိတ်​အပိုင်း(စကားရဲ့ အင်္ဂါ/ စကားရဲ့ အစိတ်​အပိုင်း) စကားအင်္ဂါ/စကားအစိတ်​အပိုင်း ၈ ပါး လို့ အဓိပ္ပာယ်​ရတယ်​။

Eight- ဆိုတာ (ရှစ်​)၊parts- ဆိုတာ (အစိတ်​အပိုင်းများ)၊ of- ဆိုတာ (၏/ရဲ့)၊ speech-ဆိုတာ (စကား)

အဲဒါကိုပဲ
speech- စကား (သို့မဟုတ်​) ဝါစာ၊
of- ၏(သို့မဟုတ်​)ရဲ့၊
parts- အစိတ်​အပိုင်း (သို့မဟုတ်​) အင်္ဂါ၊
Eight -ရှစ်​။
---------
speech စကား
of ၏/ရဲ့
parts အင်္ဂါ/အစိတ်​အပိုင်း
Eight ၈ပါး
******
သဒ္ဒါနည်းအတိုင်​မြန်​မာပြန်​​သော်
စကား၏ အင်္ဂါ ၈ပါး
စကား၏ အဟိတ်​အပိုင်း ၈ ပါး

အဓိပ္ပါယ်​အတိုင်းမြန်​မာပြန်​​သော်
စကားရဲ့အင်္ဂါ ၈ပါး
စကားရဲ့အစိတ်​အပိုင်း ၈ပါး

စကား​ပြောအတိုမြန်​မာပြန်​​သော်
စကားအင်္ဂါ ၈ ပါး
စကားအစိတ်​အပိုင်း ၈ပါး
#####

မှတ်​ချက်​။
ဝါစာ-ဆိုတာ စကား
အင်္ဂ-ဆိုတာ အစိတ်​အပိုင်း
ဝါစာ+အင်္ဂ>ကိုပဲ ပါဠိလို  ဝါစင်္ဂ လို ပုဒ်​စပ်​ပြီး ​ပြောဆိုကြတာ။
#######

အမည်​ --- မဥမ္မာ
အချိန်  --- 11:15:PM
နေ့စွဲ   ---- 13:2:2019

No comments:

Post a Comment