Monday, 18 February 2019
{သင်တန်းသားများ လိုက်နာရန်}
၁။ နေ့စဉ် သင်ခန်းစာများကို နားလည်သဘောပေါက်အောင် ကြိုးစားလေ့လာဖို့က အဓိကတာဝန်ဖြစ်ပါသည်။ သင်ခန်းစာကို သဘောမပေါက် နားမလည်သောအခါ သက်ဆိုင်ရာသင်ခန်းစာပို့စ်ရဲ့ comment ဖြင့်သော်လည်းကောင်း၊ page သို့ message ပို့၍သော်လည်းကောင်း မေးမြန်းရပါမည်။ အရေးပေါ်သိလိုသမျှကိုတော့ ၀၉၇၇၇၇၀၇၉၅၆၊ ၀၉၇၇၇၇၉၈၅၅၂၊သို့ ဖုန်းအမြန်ဆက်ပေးပေးပါ။
၂။ နေ့စဉ်သင်ခန်းစာများကို ၂၄ နာရီအတွင်း မိမိအားလပ်ချိန် Group ထဲဝင်လေ့လာနိုင်ပါသည်။ သင်ခန်းစာပို့ချစဉ်တွင် အိမ်စာ(သို့မဟုတ်) လေ့ကျင့်ခန်းလုပ်ရန် ညွှန်ကြားချက်ပါရှိက ၂၄ နာရီအတွင်း ပြီးစီးအောင်လုပ်ပေးရမည်။
၃။ သင်ခန်းစာကို လေ့လာရန်(သို့မဟုတ်) အိမ်စာလုပ်ရန် အချိန်အခက်အခဲရှိပါက page သို့ message ပို့ပြီး အကျိုးအကြောင်းပြောပြခွင့်တိုင်ပါ။
အိမ်စာလုပ်ရန် ခွင့်မဲ့ ၅-ကြိမ် ပျက်ကွက်ပါက သင်တန်းမှ ထုတ်ပါမည်။
၎။ သင်ခန်းစာ Post များအောက်တွင်
like စသော react ပေးခြင်း၊ comment ပေးခြင်း၊ comment reply လုပ်ခြင်းကို သင်တန်းဆရာများ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပေးရမည်။ (သင်ခန်းစာအများစုသည် like စသော react မပေးဖို့ တားမြစ်ထားပါသည်။)
၅။ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အလေးထားပါ။ ဆရာဆရာမများနှင့် အတန်းဖော်များ စိတ်အနှောင့်အယှက်ဖြစ်စေသော ပြောဆိုရေးသားခြင်း ပြုမူဆောင်ရွက်ခြင်းများ တွေ့ရှိက ချက်ချင်းသင်တန်းမှ ထုတ်ပယ်ပါမည်။
၆။ ၁-လခွဲ သင်တန်းကို ပြီးဆုံးအောင်မတက်နိုင်ပါက မိမိအခက်အခဲကို message ဖြင့် အသိပေးပြောပြပြီး သင်တန်းမှထွက်နိုင်ပါသည်။ နောင်တစ်ချိန် ပြန်တက်လိုက အချိန်မရွေး free တက်ခွင့်ပြန်ရပါမည်။
၇။ သင်တန်းကာလအတွင်း သင်ခန်းစာပို့စ်များကို copy ယူ၍သော်လည်းကောင်း၊ screen shot စသည်လုပ်၍သော်လည်းကောင်း၊ download ဆွဲ၍သော်လည်းကောင်း မိမိအတွက်သိမ်းထားနိုင်ပါသည်။ တခြားသော facebook page, group, wall စသော အပြင်တစ်နေရာရာမှာပြန် share ခွင့်မပြုပါ။
၈။ သင်တန်းအားလုံး အပတ်တိုင်း တနင်္လာနေ့ အားလပ်ရက်ဖြစ်ပါသည်။ သင်ခန်းစာများ ပို့ချမည် မဟုတ်ပါ။ နောက်ပိုင်းသင်ခန်းစာများ ပြန်လေ့လာနိုင်ရန်ဖြစ်ပါသည်။
၉။ စာမေးခြင်းအတွက် သိချင်တာကို admin များထဲမှ Yamzo Instructor အကောင့်သို့ တိုက်ရိုက်စာပို့မေးပါ။ page သို့လည်း message ပို့ မေးမြန်းပါ။
၁၀။ သင်တန်းသားအဖြစ်လက်ခံထားခြင်းမရှိသောသူများ၏ facebook အကောင့်များအား သင်တန်း Group ထဲသို့ မိမိသဘောဖြင့် မထည့်သွင်းရ။ ထိုသို့ထည့်သွင်းသူအား Mute(or)Ban လုပ်ပြီး၊ ထည့်သွင့်ခံရသူအကောင့်အား block လုပ်ပါမည်။
၁၁။ သင်တန်းကါလအတွင်းမိမိ facebook account name ပြောင်းလိုက်ခြင်းကို ကျွန်တော်တို့ထံ အသိပေးရပါမည်။
(အပြန်အလှန်လေးစားမှုတို့ဖြင့် ပျော်ရွှင်စွာ သင်ယူလေ့လာကြပါစို့။)
အထက်ပါစည်းကမ်းချက်များကို ဖတ်ရှုရပြီး လက်ခံသဘောတူပါက Like ကိုနှိပ်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment