Monday, 18 February 2019

အားလုံး မင်္ဂလာပါ။



ကျွန်တော်တို့ YAMZOclassကနေ သင်တန်းသားများကို ကြိုဆိုပါတယ်။ သင်တန်း ပထမဆုံးရက်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။ ပညာကိုချစ်မြတ်နိုးသူများကို ကူညီခွင့်ရလို့ အတိုင်းမသိဝမ်းသာပါတယ်။

#သင်တန်းအကြောင်း နဲ့ #သင်ကြားမှုပုံစံ အကြောင်းကို မိတ်ဆက်ပေးပါရစေ။

#သင်တန်းအကြောင်း
YAMZOclass မှာ ထိရောက်တဲ့ သင်နည်းစနစ်တွေနဲ့ အွန်လိုင်းသင်တန်းဖွင့်ဖို့ တောင်းဆိုထားတာတွေရှိခဲ့တဲ့အတွက်
ခုလို Online Courses with Certificate ဆိုတဲ့ facebook page လေးထောင်ပြီး secret group လေးတွေဖွဲ့ ပို့ချလာတာ group များစွာနဲ့ batch-20 ကို ရောက်လာပါပြီ။

တန်းခွဲအသစ်တွေကို လစဉ် အင်္ဂလိပ်လ ၁၀ ရက်နေ့တိုင်းဖွင့်ပေးနေပါတယ်။ အတန်းတိုင်းဟာ တစ်လခွဲတန်းတွေဖြစ်တာကြောင့် ဇွဲရှိမှ ဖြစ်ပါမယ် ခင်ဗျာ။
အခု ဒီ group ထဲမှာတော့ အားလုံးက  အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်တဲ့ ပညာလိုလား သူများပဲဖြစ်ပါတယ်။ လူတိုင်းဟာ လိုချင်စိတ်ရှိပေမယ့် ဇွဲရှိရှိလေ့လာဖို့ အဆင်မပြေဖြစ်တတ်ပါတယ်။ တစ်လခွဲပြည့်အောင် ကြိုးစားသင်ယူစေချင်ပါတယ်။ အင်္ဂလိပ်စာကို လုံးဝမသင်ဖူးသူနဲ့ အလုပ် မအားလပ်သူတွေလည်း လေ့လာလို့ရအောင် စီစဉ်ထားပါတယ်။ အင်္ဂလိပ်စာ အခြေခံပိုင်နိုင်လိုသူတွေကို အဓိကပစ်မှတ်ထားပြီးသင်တာမို့ သင်ခန်းစာတွေကို အခြေကျကျတစ်နေ့စာ နိုင်ရုံပဲ သင်ပေးမှာပါ။
အဲဒီတနေ့စာကို တကယ်သဘောပေါက်နားလည်အောင်လုပ်ရမှာက သင်တန်းသားတာဝန်ဖြစ်ပါတယ်။ သင်တန်းသားတွေနဲ့ သင်ခန်းစာတွေကို ပစ်ထားမှာမဟုတ်ပဲ မပြတ်စောင့်ကြည့်ပြီး သင်ပေးပါမယ်။ မရှင်းရင် မေးပါ။ တစ်လခွဲပြည့်တဲ့အခါ အချိန်တွေ တန်ဖိုးရှိရှိသုံးခဲ့မိတာကို လက်ခံကျေနပ်ရပါလိမ့်မယ် ခင်ဗျာ။

#သင်ကြားမှုပုံစံ
 အပတ်စဉ် တနင်္လာနေ့ကို နားရက်အဖြစ်သတ်မှတ်ပြီး နေ့စဉ်သင်ခန်းစာတွေကို အခြေခံကျကျ နည်းနည်းချင်းပုံမှန်သင်ပေးပါမယ်။
လိုအပ်သလို video.photo. text တွေနဲ့ post တင်ပေးပါမယ်။ တနေ့တာသင်ခန်းစာကို မနက်ပိုင်းတင်ပေးမှာဖြစ်ပြီး မိမိအားလပ်ချိန်မှာ group ထဲဝင်ပြီး သဘောပေါက်အောင်လေ့လာပေးရပါမယ်။
 မရှင်းတာ သဘောမပေါက်တာကို message နဲ့ မေးမြန်းနိုင်ပါတယ်။
သင်ခန်းစာတစ်ခုကို လေ့လာချိန် ၂၄ နာရီ ပေးပါတယ်။
(Monday ကလွဲပြီး တစ်နေ့သင်ခန်းစာတခု နေ့စဉ်လေ့လာရမယ်လို့ ဆိုလိုပါတယ်)။
အိမ်စာလုပ်ပေးဖို့ ဆရာ ဆရာမတွေက ညွှန်ကြားထားရင် ၂၄ နာရီအတွင်း သင်ခန်းစာပို့စ်ရဲ့ အောက်မှာ comment နဲ့ လုပ်ပေးရပါမယ်။ ဆရာတွေက စစ်ဆေးပေးမှာပါ။ မိမိအခက်အခဲကြောင့် အိမ်စာမလုပ်နိုင်ရင် message နဲ့ ခွင့်တိုင်ပြောကြားရပါမယ်။ ခွင့်မတိုင်ပဲ ၅ ကြိမ်အထိပျက်ကွက်သူကို သင်တန်းမှ ထုတ်ပယ်သွားမှာပဲဖြစ်ပါတယ်။
အထူးအစီအစဉ်အနေနဲ့ Messenger ကနေလေ့လာဖို့ Group chat သင်ကြားနည်းကို သင်တန်းတစ်ဝက်ရောက်တဲ့အခါ ထည့်သွင်းပေးမှာဖြစ်ပါတယ်။
အင်္ဂလိပ်စာ အရေးအဖတ်ကို အဓိကထားပြီး ဒီGroupထဲမှာလေ့လာရပါမယ်။
အပြောစွမ်းရည်နဲ့ နားထောင်စွမ်းရည်ကိုတော့ group chat နဲ့ messenger မှာသင်မှာပါခင်ဗျာ။

အခြေခံတန်းဖြစ်တာကြောင့် အခြေခံကျကျသင်ပါလိမ့်မယ် ခင်ဗျာ။
သင်တန်းသားဘက်က အပြန်အလှန်လေးစားမှုနဲ့ ကြိုးစားပြတာကို မျှော်လင့်နေပါမယ်။ တစ်နေ့သင်တာကို အဲဒီနေ့မှာပဲ ပိုင်ပိုင်နိုင်နိုင်လေ့လာပါ။ အစပိုင်းပေါ့ဆခဲ့ရင် နောက်ပိုင်းမှာ ခက်ခဲပြီး သင်တန်းတက်ရတာပျင်းသွားပါလိမ့်မယ်။ အဲဒီအဖြစ်မျိုး မဖြစ်ရအောင် ဆရာနဲ့ တပည့်လက်တွဲပြီး ကြိုးစားချင်ပါတယ်။ သင်တန်းကာလအတွင်း သင်တန်းသားရဲ့ အခက်အခဲမှန်သမျှဟာ ဆရာတွေနဲ့ သက်ဆိုင်ပါတယ်။ အစစအရာရာကူညီပေးချင်ပါတယ်။
အားမနာတမ်း အကြံပြုဆွေးနွေးဖို့လည်း ဖိတ်ခေါ်ပါတယ်။
သင်ခန်းစာတွေ လွယ်တာခက်တာ၊ စာသင်တာ မြန်တာနှေးတာစသည်ဖြင့် ပြောပြပေးပါ။
အားလုံးနဲ့ ပျော်ပျော်ပါးပါး လေ့လာသင်ယူကြပါစို့။
ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

No comments:

Post a Comment