#
ဒီနေ့သင်ခန်းစာကတော့ adjective မှ noun သို့ပြောင်းလဲပုံပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင် adj အခန်းကပြီးတော့မှာဖြစ်ပါတယ်။ အိမ်စာလေးတွေကို ကြိုးစားပြီးလုပ်ထားပေးပါအုံးနော်။
အရင်သင်ခဲ့တဲ့သင်ခန်းစာအဟောင်းတွေကိုရော ပြန်ကြည့်ဖြစ်လားရှင့်။ ပြန့်ကြည့်ပေးပါနော်။ အရင်သင်ခန်းစာတွေရမှ နောက်သင်ခန်းစာတွေကို နားလည်မှာ ဖြစ်ပါတယ်ရှင်။ အခုသင်တန်းက အခြေခံဖြစ်တာကြောင့် သင်ခန်းစာအားလုံးလိုလို ကျက်မှတ်ထားသင့်ပါတယ်။ လူတိုင်းကတော့ မအားကြပါဘူး။ မအားတဲ့အချိန်လေးထဲကနေ လိုင်းသုံးမယ့်အချိန်လေးကိုလျော့ပြီး သင်ခန်းစာလေးတွေလုပ်ရအောင်ပါနော်။ အကြာကြီးမဟုတ်ပါဘူး။ တစ်လခွဲလေးပါပဲ။ အချိန်ပေးထားတာနဲ့တန်အောင် ကျွန်မတို့တွေအတူတကွကြိုးစားရအောင်ပါနော်။ ဒီသင်တန်းကိုစာတွေတကယ်လေ့လာပြီး ကြိုးစားခဲ့မယ်ဆိုရင် နောက်ကိုယ်တိုင်သင်တန်းမတက်နိုင်ရင်တောင် ကိုယ်နဲ့ကိုက်ညီမယ့်စာအုပ်လေးတွေဝယ်ပြီး တစ်ယောက်တည်းလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာလေ့လာရတာ ပျော်စရာကောင်းပြီး လွယ်ကူလာတာကို တွေ့မြင်ရမှာပါ။ ဒီသင်တန်းမှာ အခက်အခဲဖြစ်တာကို သင်တန်းသို့တိုက်ရိုက်စာပို့ပြီးဖြစ်စေ ဖုန်းဖြင့်ဖြစ်စေပြောပြနိုင်ပါတယ်ရှင်။ မည်သည့်အခက်အခဲမဆို ပွင့်ပွင့်လင်းလင်းပြောပြဆွေးနွေးနိုင်ပါတယ်။
ဒီနေ့သင်ခန်းစာကတော့ ကျက်မှတ်ရမှာဖြစ်ပါတယ်ရှင်။ သင်ခန်းစာကို တွေ့မြင် လေ့လာလိုက်ရတယ်ဆိုရင် like နှိပ်ပေးပါ။
လေ့လာချိန်မရေးပါနဲ့ရှင်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
#မှတ်ချက်//
၁။ ၂၄ နာရီအတွင်း လေ့လာပါ။
၂။ သင်ခန်းစာပို့စ်များကို စာအုပ်ထဲ ကူးရေးထားနိုင်ပါတယ်။ save ထားနိုင်ပါတယ်။ screenshot လုပ်ပြီးလည်း သိမ်းထားနိုင်ပါတယ်။ download ဆွဲသိမ်းနိုင်ပါတယ်။
၃။ သင်တန်းကာလအတွင်း copy. screen shot စသည်လုပ်၍ share ခြင်း ခွင့်မပြုပါ။
No comments:
Post a Comment