Friday, 8 March 2019

Box-4/3 (#Lesson-8)



ဒီနေ့သင်ခန်းစာကတော့Perfect future tense အကြောင်းလေးပါ။
photos နဲ့ video ပို့ချချက်တွေကိုလေ့လာပြီး သဘောပေါက်တဲ့အတိုင်း အိမ်စာလုပ်ရမယ်ရှင့်။
အိမ်စာကတော့........
perfect future tense ကိုအသုံးပြုပြီး မိမိစိတ်ကူးထဲမှာရှိတဲ့ verb သုံးလုံးနဲ့ ခြောက်ဝါကျပြောင်းနည်းရဲ့ နံပါတ်(3) ၀ါကျပုံစံဖွဲ့ပေးပါရှင်။
နံပါတ် (၃) ဝါကျတစ်ခု မှန်အောင်ရေးပြဖို့ လိုပါတယ်။ ခြောက်ဝါကျပြောင်းစရာမလိုပါ။
မိမိစိတ်ထဲပေါ်လာတာလေးတွေကို အသုံးချရေးတက်အောင်လို့ပါ။ ကြိုးစားပေးပါဦးနော်။

***photo comment ပေးပြီး တစ်ပုံနှင့်မဆန့်ပါက reply မှာထပ်ပို့ပေးပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်


Box-4/3 (#Lesson-7)

Perfect past tense(ပြီးခဲ့ပြီ)ဆိုတဲ့ အသုံးလေးပဲဖြစ်ပါတယ်ရှင်။

ဒီနေ့အတွက်အိမ်စာကတော့........
perfect past tense ကိုအသုံးပြုပြီး မိမိစိတ်ကူးထဲမှာရှိတဲ့ ၀ါကျသုံးကြောင်းကို နံပါတ်(၁) ၀ါကျပုံစံဖွဲ့ပေးပါ။
perfect past tense ဖြစ်ဖို့ ဂရုစိုက်ပေးပါရှင်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။


Thursday, 7 March 2019

Box-4/3 (#Lesson-6အဆက်)

မင်္ဂလာပါရှင့်။
့ဒီနေ့သင်ခန်းစားနဲ့တွဲလျှက် V2 , V3 ပြောင်းလဲပုံလေးကိုဘဲဆက်လေ့လာရမှာဖြစ်ပါတယ်။ ဆက်လေ့လာပေးပါအုန်း။
ကျေးဇူးတင်ပါတယ်ရှင်။


Box-4/3 (#Lesson-6)

fect present tense အသုံးလေးဖြစ်ပါတယ်။ ဒီနေ့လည်းကြိုးစားရအောင်ပါနော်။

#ဒီနေ့အိမ်စာကတော့........
၁) မင်းတခြားလူတွေကို ရိုက်ဖူးလား။
၂) တစ်စုံတစ်ယောက်အတွက် မျက်ရည်ကျဖူးလား။(fallen the tears)
၃) အခုလေးတင် ကျွန်တော်ညစာစားပြီးတယ်။
၎) စောစောလေးကမှ ကျွန်တော်သူ့ကို ဖုန်းဆက်လိုက်တယ်။
၅) ကျွန်တော် ဖုန်းဆက်တော့ သူအိမ်ပြန်မရောက်သေးဘူး။

ဒီနေ့အတွက်အိမ်စာလေးတွေကိုလဲကြိုးစားပေးပါအုံး။

*** အခုလောက်ဆို ခြောက်ဝါကျဖွဲ့တာ  တော်တော်လေးရေးတက်ပြီလို့ ယူဆတဲ့အတွက် ဒီနေ့သင်ခန်းစာကိုတော့ မြန်မာဝါကျအတိုင်း တစ်ဝါကျစီပဲ အင်္ဂလိပ်မြန်မာ တွဲရေးပေးပါ။ အထက်ပါဝါကျအားလုံးကို perfect present tense နဲ့ရေးပါရှင်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။




Box-4/3 (#Lesson-4)

င်နေ့တွေက simple present tense နဲ့ simple past tense လေ့လာပြီးသွားပြီမို့ဒီနေ့အတွက်
simple future tense အကြောင်းလေးဆက်လေ့လာပေးပါအုံး။ ကြိုးစားပေးပါဦးနော်။ အိမ်စာတွေကိုလည်း သေချာစစ်ပေးပါ့မယ်နော်။

#ဒီနေ့အိမ်စာလေးကတော့ မိမိကြိုက်နှစ်သက်ရာ verb သုံးလုံးကိုရွေးပြီး ခြောက်ဝါကျပြောင်းနည်းနဲ့အညီ ခြောက်ဝါကျစီ ဖွဲ့ပေးပါရှင်။ ကြိုးစားပေးမယ်လို့မျှော်လင့်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

#အိမ်စာလေးတွေကိုဖြစ်နိုင်ရင်စာအုပ်ထဲမှာရေးပြီး စာမျက်နှာရဲ့အပေါ်ဆုံးမှာမိမိအကောင့်အမည်လေးရေးပေးပါရှင်။


Box-4/3 (#Lesson-5)

န့တော့ သင်ခဲ့ပြီးဖြစ်တဲ့ simple tense သင်ခန်းစာလေးကို video လေးလုပ်ပြီး တိုတိုနဲ့နားလည်လွယ်အောင် ကြိုးစားရှင်းပြပေးထားပါတယ်။
 #ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဘာစာလုံးပါရင် ဘာ tense ဆိုပြီးကျက်ခဲ့ဖူးတာမှတ်မိပါလိမ့်မယ်။ အဲ့လိုကျက်တာထက် သဘောတရားကိုပိုနားလည်အောင်ဖတ်ပြီး ရေးနိုင်စေချင်ပါတယ်။ ဒီနေ့တော့ဒီလောက်ပါပဲ

အိမ်စာလေးတွေတော့အများကြီးပေးလိုက်မယ်နော်။ များများရေးမှ သေချာနားလည်လာတဲ့ သင်ခန်းစာဖြစ်နေလို့ပါ။ အဆင်ပြေပါစေရှင်။

#ဒီနေ့အိမ်စာလေးကတော့
၁။ မနေ့က ကျွန်တော်ဈေးထဲကို ပတ်သွားခဲ့တယ်။
၂။ လာမယ်နှစ်မောင်ဘနဲ့ မလှ နိုင်ငံခြားသွားလိမ့်မယ်။
၃။ ခွေးသုံးကောင်က ကြောင်တစ်ကောင်ကို ကိုက်တယ်။
၎။ ကျွန်တော် သစ်ပင်နားကိုသွားမယ်။
၅။ ငှက်သုံးကောင် သစ်ပင်ကနေ ထပျံလိမ့်မယ်။

*****၀ါကျခြောက်မျိုးစီဖွဲ့ပေးပါ။ အိမ်စာလေးက နည်းနည်းတော့များပါတယ်။ နားနားနေနေနဲ့ ဖြေးဖြေးလုပ်ပါနော်။ စာတွေက တဖြည်းဖြည်းများလာလို့ ၀န်ပိမှာလည်းစိုးပါတယ်။ လက်တွေ့မလုပ်ခိုင်းရင်လည်း နားမလည်မှာစိုးလို့ပါရှင်။ ကြိုးစားပြီးတော့ရေးကြည့်ရအောင်ပါနော်။ အိမ်စာတွေကို စစ်ပေးနေပါတယ်။ စာတွေနားမလည်တာကိုမေးပါနော်။ သင်ခန်းစာကိုသုံးလေးခေါက်ပြန်ဖတ်တာတောင် စိတ်ထဲမရှင်းသေးဘူးဆိုရင် နားလည်တဲ့အထိမေးပါနော်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

Box-4/3 (#Lesson-3)

mple past tense အကြောင်းလေးပါ။

သင်ထားတာလေးကိုပဲ ကြည့်ပေးပြီး video လေးနဲ့ရွတ်ဆိုပြတာကို သေချာလေးကျက်ထားပေးပါ။
နားမလည်လို့ အားမလျော့လိုက်ပါနဲ့နော်။
tense ဆယ့်နှစ်မျိုးလုံးပြီးသွားတဲ့အခါ ချိတ်ဆက်လေးတွေနဲ့ပြန်ရှင်းသွားပါမယ်။အဲ့ခါကျရင် နားလည်သွားမှာပါ။ ကျွန်မတုန်းကဆိုရင်ဆရာရှေ့ထားပြီး သင်ထားတောင် ချာချာလည်နေတာမို့ အခုကပိုဆိုးမယ်ထင်ပါတယ်။
tense အားလုံးပြီးသွားတဲ့အခါ နားလည်သွားမှာပါ။ စိတ်မလျော့လိုက်ပါနဲ့။
grammar ကစိတ်ရှည်ရပါတယ်။ စိတ်ဝင်စားရပါတယ်။
သင်ခန်းစာတွေကို ထပ်ကာထပ်ကာဖတ်ပေးပါနော်။
ဝါကျ ၆ ကြောင်းရေးတဲ့အခါမှာပထမဆုံးလေးကြောင်းကတော့နားလည်မယ်ထင်ပါတယ်။ နောက်ထပ်တိုးလာတဲ့နောက်မြီးဆွဲဝါကျနှစ်ကြောင်းကနဲနဲရှုပ်လို့ပြန်ရှင်းပြပေးပါမယ်။
eg.
5. Mg Mg played the football yesterday , didn't he?
6. Mg Mg didn't play the football yesterday , did he?
ပထမsubj ကိုနောက်တစ်ခါပြန်သုံးရင် (subj pronoun) He,She,It,They တို့ကိုပြောင်သုံးပေးရပါတယ်။
အဲ့လောက်ဆိုနားလည်မယ်လို့ထင်ပါတယ်။အိမ်စာတွေကြိုးစားလုပ်ကြည့်ပေးပါ။

#ဒီနေ့အိမ်စာကတော့........အရင်နေ့က စကားလုံးလေးတွေကိုပဲ အသုံးပြုပြီး မိမိကြိုက်နှစ်သက်တဲ့ သင့်တော်ရာ subject ကိုအသုံးပြုကာဝါကျခြောက်မျိုးစီဖွဲ့ပေးပါ။
V2 ပြောင်းထည့်ပေးဖို့ မမေ့ပါနဲ့ရှင့်။

play= ကစားသည်။
go= သွားသည်။
eat= စားသည်။

***photo comment ပေးပြီး တစ်ပုံနှင့်မဆန့်ပါက reply မှာထပ်ပို့ပေးပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

#ဒီနေ့အတိတ်အကြောင်းသင်ပြီးမို့ Verb တွေကိုအတိတ်ပုံစံပြောင်းနည်းလိုမယ်ထင်ပါတယ်။ ဒီနေ့ကစပြီး ကျက်မှတ်ရန် ဆိုပြီး သီးသန့်တင်ပေးထားပါမယ်။

Saturday, 2 March 2019

Box-4/3 (#Lesson-2)

သင်ခန်းစာကတော့ Tenses တွေကိုတစ်ခုချင်းစီရှင်းပြပေးသွားမှာပါ။
ဒီနေ့ပထမဦးဆုံးtenseကတော့ Simple present tense အကြောင်းလေးပါ။ ရွတ်ဆိုပုံလေးကို video လေးနဲ့ရွတ်ပြထားပါတယ်။ အလွတ်အမြန်ရွတ်ဆိုနိုင်အောင် ကျက်မှတ်ထားပေးပါ။ အဆင်ပြေပါစေရှင်။
ဒီနေ့အိမ်စာကတော့........
မိမိကြိုက်နှစ်သက်တဲ့ သင့်တော်ရာ subject, object တို့ ဖြည့်စွတ်ပြီး အောက်ပါ verb များကို အသုံးပြုကာ ၀ါကျခြောက်မျိုးစီဖွဲ့ပေးပါ။
play - ကစားသည်။
go - သွားသည်။
eat - စားသည်။
***photo comment ပေးပြီး တစ်ပုံနှင့်မဆန့်ပါက မိမိcommentရဲ့ reply မှာထပ်ပို့ပေးပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။



Friday, 1 March 2019

Box-4/3 (#Lesson-1)

o be, Verb to have သင်ခန်းစာတွေပြီးပြီဆိုတော့ ဒီနေ့ Verb to do အခန်းလေးကို ကြည့်ရအောင်ပါ။
၎ခုမြောက် သေတ္တာထဲကထွက်လာတဲ့ တတိယမြောက်အထုတ်ကြီးဖြစ်ပါတယ်။  ဒီသင်တန်းရဲ့ အရေးအကြီးဆုံးအပိုင်းကိုရောက်ပါပြီ။ Verb to do ဆိုတဲ့အထုတ်ကို ဖြည်ကြည့်ကြပါစို့ရှင်။

ဒီနေ့သင်ခန်းစာလေးကတော့ verb to do သင်ခန်းစာမှာပါဝင်တဲ့ tense-12 မျိုးပဲဖြစ်ပါတယ်။ ကျက်မှတ်ထားစေချင်ပါတယ်။
ဘာ tense ကဘယ်လိုပုံစံလေးဆိုတာ ကြည့်လိုက်တာနဲ့ တန်းသိတဲ့အထိ သေချာကျက်ထားရင်ပိုကောင်းပါတယ်။
#ဒီနေ့အိမ်စာမလုပ်ရပါဘူး။ စာကျက်ထားစေချင်တာပါ။ လေ့လာချိန်လေးတွေ ရေးခဲ့ပါနော်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

#မှတ်ချက်//
၁။ ဒီ post ကို like မပေးပါနဲ့။
၂။ ၂၄ နာရီအတွင်း လေ့လာပါ။
၃။ သင်ခန်းစာပို့စ်များကို စာအုပ်ထဲ ကူးရေးထားနိုင်ပါတယ်။ save ထားနိုင်ပါတယ်။ screenshot လုပ်ပြီးလည်း သိမ်းထားနိုင်ပါတယ်။
၎။ သင်တန်းကာလအတွင်း copy. screen shot စသည်လုပ်၍ share ခြင်း ခွင့်မပြုပါ။

Box-4/2 (#Lesson-2)

အခက်အခဲလေးတွေကြောင့်သင်ခန်းစာတင်ချိန်နောက်ကျခဲ့
လို့အားလုံးကိုတောင်းပန်ပါတယ်။
ဆက်သင်မယ့်သင်ခန်းစာလေးကတော့ have အသုံးပြုပုံနဲ့ ပတ်သက်ပြီး အထွေထွေသိမှတ်ဖွယ်လေးတွေပဲဖြစ်ပါတယ်။

သင်ခန်းစာကို သေချာလေ့လာပြီး ဒီနေ့လုပ်ရမယ့် အိမ်စာလေးကတော့
၁။မင်းအိမ်စာကို လုပ်ရမယ်။
၂။ကျွန်တော်ဈေးကိုသွားဖို့ရှိတယ်။
၃။ကျွန်တော်အားလပ်ရက်တိုင်း ကျွန်တော့အ၀တ်တွေကိုလျှော်တယ်။
(အင်္ဂလိပ်၊ မြန်မာတွဲရေးပေးပါ။)

#လေးဝါကျပြောင်းစရာ မလိုပါဘူးနော်။ အိမ်စာလေးကတော့ နည်းနည်းလေးပါ။ ပြီးအောင်လုပ်ရအောင်ပါနော်။
ဒီနေ့သင်ခန်းစာထဲကအတိုင်း လုပ်ကြည့်ပေးပါ။ ပျော်ရွှင်စွာလေ့လာနိုင်ပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။



Tuesday, 26 February 2019

Box-4/2 (#Lesson-1)

Box-4/2 (#Lesson-1)

ဒီနေ့သင်ခန်းစာကတော့ လေးလုံးမြောက်သေတ္တာထဲက ဒုတိယအထုတ်လေးဖြစ်တဲ့ verb to have အထုတ်လေး ဖြည်ကြည့်မှာ ဖြစ်ပါတယ်။
ဘယ်သူ့မှာ ဘာရှိတယ် စသည်ဖြင့် သက်ရှိသက်မဲ့တို့ရဲ့ ပိုင်ဆိုင်ပြီးရှိတာကို ပြောလိုတဲ့အခါတိုင်း Verb to have ဝါကျကိုသုံးရပါမယ်။
(ဘယ်နေရာမှာ ဘာရှိတယ်တယ်ပြောချင်ရင်တော့  Verb to be ထဲက Third pattern ကိုသုံးရမှာကိုလည်း မမေ့ပါနဲ့ရှင်။)

ဒီနေ့အိမ်စာလေးကတော့ verb to have pattern ကိုအသုံးပြုပြီး မိမိနှစ်သက်ရာဝါကျ သုံးခုကို
ဟုတ်/မဟုတ်/ဟုတ်အမေး/မဟုတ်အမေး-ဆိုပြီး လေးဝါကျစီပြောင်းပေးပါရှင်။ (အင်္ဂလိပ်၊ မြန်မာတွဲရေးပေးပါ။)

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။



Monday, 25 February 2019

Box-4/1 (#Lesson-2)

ုံးပဲမင်္ဂလာပါရှင်​။

ပုံလေးတွေထဲက ဒီနေ့အတွက်သင်ခန်းစာလေးကို ပျော်ရွှင်စွာလေ့လာနိုင်ပါစေ။
အိမ်စာလုပ်ဖို့ကတော့----
Box-4/1 (Lesson-1) အိမ်စာရေးပေးရတဲ့ ဝါကျတွေကို ဒီနေ့သင်ခန်းစာမှာပါတဲ့နည်းတွေနဲ့ လေးဝါကျစီ ပြန်ပြောင်းရေးပြပေးပါရှင်။ (Lesson-1) ကို ပြန်ကြည့်ပေးပါ။
ဒီနေ့အတွက်အိမ်စာတွေ ပိုင်နိုင်စွာလုပ်နိုင်ဖို့ ခုသင်ခန်းစာကို ကြိုးစားလေ့လာပေးမယ်လို့ မျှော်လင့်ပါတယ်။

စာရွက်ပေါ်မှာ fb name နဲ့ တွဲရေးပြီး photo comment ပေးရပါမယ်ရှင်။

အိမ်စာတွေကို မရေးနိုင်သေးပါက သင်တန်း page သို့တိုက်ရိုက်စာပို့ပြီးခွင့်တိုင်နိုင်ပါတယ်။
အိမ်စာတွေများနေလို့ စိတ်မညစ်ပါနဲ့နော်။
များများလေ့ကျင့်နိုင်မှ သေချာမှတ်မိနားလည်နိုင်မှာပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။




Sunday, 24 February 2019

Box-4/1 (#Lesson-1)

သေတ္တာရှစ်လုံးထဲက ဒီနေ့ လေးခုမြောက်သေတ္တာကြီး verb ကို စဖွင့်ပါပြီ။ Verb ဟာ အင်္ဂလိပ်စာမှာ အရေးအကြီးဆုံးအပိုင်းဖြစ်လို့ သေချာလေ့လာစေချင်ပါတယ်။ အခြေခံတန်းမှာ box-4 ကိုကျွမ်းကျင်ပိုင်နိုင်ထားဖို့ပဲ အရေးကြီးပါတယ်။ ပျော်ရွှင်စွာလေ့လာနိုင်ပါစေရှင်။
ပုံလေးတွေထဲက စာကိုသေချာလေ့လာပြီး
အိမ်စာလေးပေးပါမယ်နော်။
#အိမ်စာလေးကတော့. . . . . . .
၁။ ဆုဆုက ကျောင်းဆရာမလေးတစ်ယောက်ပါ။
၂။ မောင်မောင်က လိမ်မာတယ်။
၃။ ဒီစာအုပ်က ပျင်းစရာကောင်းတယ်။
၎။ သူထမင်းစားနေတယ်။
၅။ မမ ကျောင်းမှာရှိတယ်။
ဒီနေ့သင်ခန်းစာကို လေ့လာပြီး အထက်ပါဝါကျလေးတွေကို အင်္ဂလိပ်လို ကြိုးစားရေးပေးပါ။
#မှတ်ချက်//
၁။ ဒီ post ကို like မပေးပါနဲ့။
၂။ ၂၄ နာရီအတွင်း လေ့လာပါ။
၃။ သင်ခန်းစာပို့စ်များကို စာအုပ်ထဲ ကူးရေးထားနိုင်ပါတယ်။ save ထားနိုင်ပါတယ်။ screenshot လုပ်ပြီးလည်း သိမ်းထားနိုင်ပါတယ်။
၎။ သင်တန်းကာလအတွင်း copy. screen shot စသည်လုပ်၍ share ခြင်း ခွင့်မပြုပါ။




Saturday, 23 February 2019

Box-3 (#Lesson-6)

မင်္ဂလာပါ။
ဒီနေ့သင်ခန်းစာကတော့ Adjective အခန်းမှာကျန်ရှိသေးတဲ့ တိုတိုထွာထွာမှတ်စုလေးတွေပါ။ အရေးကြီးတာတော့ မဟုတ်ပေမဲ့ အခြေခံသင်ပြီး မသိလိုက်ဘူးဖြစ်မှာစိုးလို့ပါ။ ဒီနေ့လည်းတက်တက်ကြွကြွလေ့လာရအောင်ပါနော်။
#အိမ်စာလေးကတော့
၁။ ဒီနေ့သင်ခန်းစာလေ့လာပြီး ရေးပြဖို့ မိမိကြိုက်နှစ်သက်တဲ့ ဂဏန်းတွေ comment ရေးပေးပါ။ လူတိုင်း ၅လုံးနဲ့ ၁၀ ကြားနှစ်သက်သလို ရေးပြီး comment ပေးပါ။(ဥပမာ-24536)
၂။ မိမိအထက်က Comment ပိုင်ရှင်ရေးထားတဲ့ ဂဏန်းတွေကို cardinal ရွက်ဆိုပုံမှန်ကန်စွာ ဂဏန်းနှင့် စာတွဲလျက်ရေးပြီး အထက်commentမှာ reply ပေးခဲ့ပါရှင်။
(ဥပမာ-24536=twenty-four thousand five hundred thirty-six
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
#မှတ်ချက်//
၁။ ဒီ post ကို like မပေးပါနဲ့။
၂။ ၂၄ နာရီအတွင်း လေ့လာပါ။
၃။ သင်ခန်းစာပို့စ်များကို စာအုပ်ထဲ ကူးရေးထားနိုင်ပါတယ်။ save ထားနိုင်ပါတယ်။ screenshot လုပ်ပြီးလည်း သိမ်းထားနိုင်ပါတယ်။
၎။ သင်တန်းကာလအတွင်း copy. screen shot စသည်လုပ်၍ share ခြင်း ခွင့်မပြုပါ။


Friday, 22 February 2019

Box-3 (#Lesson-5)

#

ဒီနေ့သင်ခန်းစာကတော့ adjective မှ noun သို့ပြောင်းလဲပုံပဲ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင် adj အခန်းကပြီးတော့မှာဖြစ်ပါတယ်။ အိမ်စာလေးတွေကို ကြိုးစားပြီးလုပ်ထားပေးပါအုံးနော်။

 အရင်သင်ခဲ့တဲ့သင်ခန်းစာအဟောင်းတွေကိုရော ပြန်ကြည့်ဖြစ်လားရှင့်။ ပြန့်ကြည့်ပေးပါနော်။ အရင်သင်ခန်းစာတွေရမှ နောက်သင်ခန်းစာတွေကို နားလည်မှာ ဖြစ်ပါတယ်ရှင်။ အခုသင်တန်းက အခြေခံဖြစ်တာကြောင့် သင်ခန်းစာအားလုံးလိုလို ကျက်မှတ်ထားသင့်ပါတယ်။ လူတိုင်းကတော့ မအားကြပါဘူး။ မအားတဲ့အချိန်လေးထဲကနေ လိုင်းသုံးမယ့်အချိန်လေးကိုလျော့ပြီး သင်ခန်းစာလေးတွေလုပ်ရအောင်ပါနော်။ အကြာကြီးမဟုတ်ပါဘူး။ တစ်လခွဲလေးပါပဲ။ အချိန်ပေးထားတာနဲ့တန်အောင် ကျွန်မတို့တွေအတူတကွကြိုးစားရအောင်ပါနော်။ ဒီသင်တန်းကိုစာတွေတကယ်လေ့လာပြီး ကြိုးစားခဲ့မယ်ဆိုရင် နောက်ကိုယ်တိုင်သင်တန်းမတက်နိုင်ရင်တောင် ကိုယ်နဲ့ကိုက်ညီမယ့်စာအုပ်လေးတွေဝယ်ပြီး တစ်ယောက်တည်းလေ့လာနိုင်မှာပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာလေ့လာရတာ ပျော်စရာကောင်းပြီး လွယ်ကူလာတာကို တွေ့မြင်ရမှာပါ။ ဒီသင်တန်းမှာ အခက်အခဲဖြစ်တာကို သင်တန်းသို့တိုက်ရိုက်စာပို့ပြီးဖြစ်စေ ဖုန်းဖြင့်ဖြစ်စေပြောပြနိုင်ပါတယ်ရှင်။ မည်သည့်အခက်အခဲမဆို ပွင့်ပွင့်လင်းလင်းပြောပြဆွေးနွေးနိုင်ပါတယ်။
ဒီနေ့သင်ခန်းစာကတော့ ကျက်မှတ်ရမှာဖြစ်ပါတယ်ရှင်။ သင်ခန်းစာကို တွေ့မြင် လေ့လာလိုက်ရတယ်ဆိုရင် like နှိပ်ပေးပါ။
လေ့လာချိန်မရေးပါနဲ့ရှင်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်

#မှတ်ချက်//
၁။ ၂၄ နာရီအတွင်း လေ့လာပါ။
၂။ သင်ခန်းစာပို့စ်များကို စာအုပ်ထဲ ကူးရေးထားနိုင်ပါတယ်။ save ထားနိုင်ပါတယ်။ screenshot လုပ်ပြီးလည်း သိမ်းထားနိုင်ပါတယ်။ download ဆွဲသိမ်းနိုင်ပါတယ်။
၃။ သင်တန်းကာလအတွင်း copy. screen shot စသည်လုပ်၍ share ခြင်း ခွင့်မပြုပါ။





Box-3 (#Lesson-4)

င်္ဂလာပါရှင်။
ခုသင်ခန်းစာကတော့အရင်နေ့ကသင်ခဲ့တဲ့ adjective D1, D2, D3 ရဲ့အသုံးပြုပုံတွေကို လေ့လာရမှာ ဖြစ်ပါတယ်။
သင်ခန်းစာကို သဘောပေါက်အောင်လည်းလေ့လာပါ။ စာအုပ်ထဲလည်း ကူးယူထားပေးပါ။
 ပြီးရင် အိမ်စာလေးတွေလည်း ကြိုးစားပြီးရေးပေးပါနော်။  ခွင့်တိုင်ထားသူတွေကတော့ အိမ်စာတွေပြန်လုပ်ပေးပြီး message နဲ့ page ကိုပို့ပေးရပါမယ်ရှင်။

#ဒီနေ့အိမ်စာလေးကတော့ .........
လေ့လာခဲ့တဲ့အသုံးပြုနည်းတစ်ခုစီကို ကိုယ်ပိုင်ဥာဏ်နဲ့ ၀ါကျတစ်ကြောင်းစီဖွဲ့ပြရမှာဖြစ်ပါတယ်။

 မိမိကြိုက်နှစ်သက်ရာစာကြောင်းကို ရေးဖွဲ့နိုင်ပါတယ်။ လွယ်လွယ်ကူကူလေးပဲ စဉ်းစားပြီး ကြိုးစားကြည့်ပါ။ မိမိရေးထားတဲ့စာကြောင်းကို မြန်မာ၊ အင်္ဂလိပ်နှစ်မျိုးဖြင့်ရေးပြပါ။   အသုံးပြုနည်း ကိုးမျိုးအတွက် စုစုပေါင်းစာကြောင်း (၉)ကြောင်းစာအုပ်ထဲမှာ ရေးပြီး photo comment ပေးပါ။





နမူနာ
(၁) နှင်းဆီပန်းက စံပယ်ပန်းလောက်လှတယ်။
Rose is as beautiful as jasmine.
(၂) မန္တလေးက ရန်ကုန်လောက် မကြီးဘူး။
Mandalay is not as large as Yangon.
#စသည်ဖြင့်  ၉ ဝါကျဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

#မှတ်ချက်//
postနဲ့ comment တွေကို like စတဲ့ react  မပေးပါနဲ့။