န့တော့ သင်ခဲ့ပြီးဖြစ်တဲ့ simple tense သင်ခန်းစာလေးကို video လေးလုပ်ပြီး တိုတိုနဲ့နားလည်လွယ်အောင် ကြိုးစားရှင်းပြပေးထားပါတယ်။
#ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဘာစာလုံးပါရင် ဘာ tense ဆိုပြီးကျက်ခဲ့ဖူးတာမှတ်မိပါလိမ့်မယ်။ အဲ့လိုကျက်တာထက် သဘောတရားကိုပိုနားလည်အောင်ဖတ်ပြီး ရေးနိုင်စေချင်ပါတယ်။ ဒီနေ့တော့ဒီလောက်ပါပဲ
အိမ်စာလေးတွေတော့အများကြီးပေးလိုက်မယ်နော်။ များများရေးမှ သေချာနားလည်လာတဲ့ သင်ခန်းစာဖြစ်နေလို့ပါ။ အဆင်ပြေပါစေရှင်။
#ဒီနေ့အိမ်စာလေးကတော့
၁။ မနေ့က ကျွန်တော်ဈေးထဲကို ပတ်သွားခဲ့တယ်။
၂။ လာမယ်နှစ်မောင်ဘနဲ့ မလှ နိုင်ငံခြားသွားလိမ့်မယ်။
၃။ ခွေးသုံးကောင်က ကြောင်တစ်ကောင်ကို ကိုက်တယ်။
၎။ ကျွန်တော် သစ်ပင်နားကိုသွားမယ်။
၅။ ငှက်သုံးကောင် သစ်ပင်ကနေ ထပျံလိမ့်မယ်။
*****၀ါကျခြောက်မျိုးစီဖွဲ့ပေးပါ။ အိမ်စာလေးက နည်းနည်းတော့များပါတယ်။ နားနားနေနေနဲ့ ဖြေးဖြေးလုပ်ပါနော်။ စာတွေက တဖြည်းဖြည်းများလာလို့ ၀န်ပိမှာလည်းစိုးပါတယ်။ လက်တွေ့မလုပ်ခိုင်းရင်လည်း နားမလည်မှာစိုးလို့ပါရှင်။ ကြိုးစားပြီးတော့ရေးကြည့်ရအောင်ပါနော်။ အိမ်စာတွေကို စစ်ပေးနေပါတယ်။ စာတွေနားမလည်တာကိုမေးပါနော်။ သင်ခန်းစာကိုသုံးလေးခေါက်ပြန်ဖတ်တာတောင် စိတ်ထဲမရှင်းသေးဘူးဆိုရင် နားလည်တဲ့အထိမေးပါနော်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
No comments:
Post a Comment