Thursday, 7 March 2019

Box-4/3 (#Lesson-3)

mple past tense အကြောင်းလေးပါ။

သင်ထားတာလေးကိုပဲ ကြည့်ပေးပြီး video လေးနဲ့ရွတ်ဆိုပြတာကို သေချာလေးကျက်ထားပေးပါ။
နားမလည်လို့ အားမလျော့လိုက်ပါနဲ့နော်။
tense ဆယ့်နှစ်မျိုးလုံးပြီးသွားတဲ့အခါ ချိတ်ဆက်လေးတွေနဲ့ပြန်ရှင်းသွားပါမယ်။အဲ့ခါကျရင် နားလည်သွားမှာပါ။ ကျွန်မတုန်းကဆိုရင်ဆရာရှေ့ထားပြီး သင်ထားတောင် ချာချာလည်နေတာမို့ အခုကပိုဆိုးမယ်ထင်ပါတယ်။
tense အားလုံးပြီးသွားတဲ့အခါ နားလည်သွားမှာပါ။ စိတ်မလျော့လိုက်ပါနဲ့။
grammar ကစိတ်ရှည်ရပါတယ်။ စိတ်ဝင်စားရပါတယ်။
သင်ခန်းစာတွေကို ထပ်ကာထပ်ကာဖတ်ပေးပါနော်။
ဝါကျ ၆ ကြောင်းရေးတဲ့အခါမှာပထမဆုံးလေးကြောင်းကတော့နားလည်မယ်ထင်ပါတယ်။ နောက်ထပ်တိုးလာတဲ့နောက်မြီးဆွဲဝါကျနှစ်ကြောင်းကနဲနဲရှုပ်လို့ပြန်ရှင်းပြပေးပါမယ်။
eg.
5. Mg Mg played the football yesterday , didn't he?
6. Mg Mg didn't play the football yesterday , did he?
ပထမsubj ကိုနောက်တစ်ခါပြန်သုံးရင် (subj pronoun) He,She,It,They တို့ကိုပြောင်သုံးပေးရပါတယ်။
အဲ့လောက်ဆိုနားလည်မယ်လို့ထင်ပါတယ်။အိမ်စာတွေကြိုးစားလုပ်ကြည့်ပေးပါ။

#ဒီနေ့အိမ်စာကတော့........အရင်နေ့က စကားလုံးလေးတွေကိုပဲ အသုံးပြုပြီး မိမိကြိုက်နှစ်သက်တဲ့ သင့်တော်ရာ subject ကိုအသုံးပြုကာဝါကျခြောက်မျိုးစီဖွဲ့ပေးပါ။
V2 ပြောင်းထည့်ပေးဖို့ မမေ့ပါနဲ့ရှင့်။

play= ကစားသည်။
go= သွားသည်။
eat= စားသည်။

***photo comment ပေးပြီး တစ်ပုံနှင့်မဆန့်ပါက reply မှာထပ်ပို့ပေးပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

#ဒီနေ့အတိတ်အကြောင်းသင်ပြီးမို့ Verb တွေကိုအတိတ်ပုံစံပြောင်းနည်းလိုမယ်ထင်ပါတယ်။ ဒီနေ့ကစပြီး ကျက်မှတ်ရန် ဆိုပြီး သီးသန့်တင်ပေးထားပါမယ်။

No comments:

Post a Comment