Friday, 8 March 2019

Box-4/3 (#Lesson-8)



ဒီနေ့သင်ခန်းစာကတော့Perfect future tense အကြောင်းလေးပါ။
photos နဲ့ video ပို့ချချက်တွေကိုလေ့လာပြီး သဘောပေါက်တဲ့အတိုင်း အိမ်စာလုပ်ရမယ်ရှင့်။
အိမ်စာကတော့........
perfect future tense ကိုအသုံးပြုပြီး မိမိစိတ်ကူးထဲမှာရှိတဲ့ verb သုံးလုံးနဲ့ ခြောက်ဝါကျပြောင်းနည်းရဲ့ နံပါတ်(3) ၀ါကျပုံစံဖွဲ့ပေးပါရှင်။
နံပါတ် (၃) ဝါကျတစ်ခု မှန်အောင်ရေးပြဖို့ လိုပါတယ်။ ခြောက်ဝါကျပြောင်းစရာမလိုပါ။
မိမိစိတ်ထဲပေါ်လာတာလေးတွေကို အသုံးချရေးတက်အောင်လို့ပါ။ ကြိုးစားပေးပါဦးနော်။

***photo comment ပေးပြီး တစ်ပုံနှင့်မဆန့်ပါက reply မှာထပ်ပို့ပေးပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်


Box-4/3 (#Lesson-7)

Perfect past tense(ပြီးခဲ့ပြီ)ဆိုတဲ့ အသုံးလေးပဲဖြစ်ပါတယ်ရှင်။

ဒီနေ့အတွက်အိမ်စာကတော့........
perfect past tense ကိုအသုံးပြုပြီး မိမိစိတ်ကူးထဲမှာရှိတဲ့ ၀ါကျသုံးကြောင်းကို နံပါတ်(၁) ၀ါကျပုံစံဖွဲ့ပေးပါ။
perfect past tense ဖြစ်ဖို့ ဂရုစိုက်ပေးပါရှင်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။


Thursday, 7 March 2019

Box-4/3 (#Lesson-6အဆက်)

မင်္ဂလာပါရှင့်။
့ဒီနေ့သင်ခန်းစားနဲ့တွဲလျှက် V2 , V3 ပြောင်းလဲပုံလေးကိုဘဲဆက်လေ့လာရမှာဖြစ်ပါတယ်။ ဆက်လေ့လာပေးပါအုန်း။
ကျေးဇူးတင်ပါတယ်ရှင်။


Box-4/3 (#Lesson-6)

fect present tense အသုံးလေးဖြစ်ပါတယ်။ ဒီနေ့လည်းကြိုးစားရအောင်ပါနော်။

#ဒီနေ့အိမ်စာကတော့........
၁) မင်းတခြားလူတွေကို ရိုက်ဖူးလား။
၂) တစ်စုံတစ်ယောက်အတွက် မျက်ရည်ကျဖူးလား။(fallen the tears)
၃) အခုလေးတင် ကျွန်တော်ညစာစားပြီးတယ်။
၎) စောစောလေးကမှ ကျွန်တော်သူ့ကို ဖုန်းဆက်လိုက်တယ်။
၅) ကျွန်တော် ဖုန်းဆက်တော့ သူအိမ်ပြန်မရောက်သေးဘူး။

ဒီနေ့အတွက်အိမ်စာလေးတွေကိုလဲကြိုးစားပေးပါအုံး။

*** အခုလောက်ဆို ခြောက်ဝါကျဖွဲ့တာ  တော်တော်လေးရေးတက်ပြီလို့ ယူဆတဲ့အတွက် ဒီနေ့သင်ခန်းစာကိုတော့ မြန်မာဝါကျအတိုင်း တစ်ဝါကျစီပဲ အင်္ဂလိပ်မြန်မာ တွဲရေးပေးပါ။ အထက်ပါဝါကျအားလုံးကို perfect present tense နဲ့ရေးပါရှင်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။




Box-4/3 (#Lesson-4)

င်နေ့တွေက simple present tense နဲ့ simple past tense လေ့လာပြီးသွားပြီမို့ဒီနေ့အတွက်
simple future tense အကြောင်းလေးဆက်လေ့လာပေးပါအုံး။ ကြိုးစားပေးပါဦးနော်။ အိမ်စာတွေကိုလည်း သေချာစစ်ပေးပါ့မယ်နော်။

#ဒီနေ့အိမ်စာလေးကတော့ မိမိကြိုက်နှစ်သက်ရာ verb သုံးလုံးကိုရွေးပြီး ခြောက်ဝါကျပြောင်းနည်းနဲ့အညီ ခြောက်ဝါကျစီ ဖွဲ့ပေးပါရှင်။ ကြိုးစားပေးမယ်လို့မျှော်လင့်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

#အိမ်စာလေးတွေကိုဖြစ်နိုင်ရင်စာအုပ်ထဲမှာရေးပြီး စာမျက်နှာရဲ့အပေါ်ဆုံးမှာမိမိအကောင့်အမည်လေးရေးပေးပါရှင်။


Box-4/3 (#Lesson-5)

န့တော့ သင်ခဲ့ပြီးဖြစ်တဲ့ simple tense သင်ခန်းစာလေးကို video လေးလုပ်ပြီး တိုတိုနဲ့နားလည်လွယ်အောင် ကြိုးစားရှင်းပြပေးထားပါတယ်။
 #ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဘာစာလုံးပါရင် ဘာ tense ဆိုပြီးကျက်ခဲ့ဖူးတာမှတ်မိပါလိမ့်မယ်။ အဲ့လိုကျက်တာထက် သဘောတရားကိုပိုနားလည်အောင်ဖတ်ပြီး ရေးနိုင်စေချင်ပါတယ်။ ဒီနေ့တော့ဒီလောက်ပါပဲ

အိမ်စာလေးတွေတော့အများကြီးပေးလိုက်မယ်နော်။ များများရေးမှ သေချာနားလည်လာတဲ့ သင်ခန်းစာဖြစ်နေလို့ပါ။ အဆင်ပြေပါစေရှင်။

#ဒီနေ့အိမ်စာလေးကတော့
၁။ မနေ့က ကျွန်တော်ဈေးထဲကို ပတ်သွားခဲ့တယ်။
၂။ လာမယ်နှစ်မောင်ဘနဲ့ မလှ နိုင်ငံခြားသွားလိမ့်မယ်။
၃။ ခွေးသုံးကောင်က ကြောင်တစ်ကောင်ကို ကိုက်တယ်။
၎။ ကျွန်တော် သစ်ပင်နားကိုသွားမယ်။
၅။ ငှက်သုံးကောင် သစ်ပင်ကနေ ထပျံလိမ့်မယ်။

*****၀ါကျခြောက်မျိုးစီဖွဲ့ပေးပါ။ အိမ်စာလေးက နည်းနည်းတော့များပါတယ်။ နားနားနေနေနဲ့ ဖြေးဖြေးလုပ်ပါနော်။ စာတွေက တဖြည်းဖြည်းများလာလို့ ၀န်ပိမှာလည်းစိုးပါတယ်။ လက်တွေ့မလုပ်ခိုင်းရင်လည်း နားမလည်မှာစိုးလို့ပါရှင်။ ကြိုးစားပြီးတော့ရေးကြည့်ရအောင်ပါနော်။ အိမ်စာတွေကို စစ်ပေးနေပါတယ်။ စာတွေနားမလည်တာကိုမေးပါနော်။ သင်ခန်းစာကိုသုံးလေးခေါက်ပြန်ဖတ်တာတောင် စိတ်ထဲမရှင်းသေးဘူးဆိုရင် နားလည်တဲ့အထိမေးပါနော်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

Box-4/3 (#Lesson-3)

mple past tense အကြောင်းလေးပါ။

သင်ထားတာလေးကိုပဲ ကြည့်ပေးပြီး video လေးနဲ့ရွတ်ဆိုပြတာကို သေချာလေးကျက်ထားပေးပါ။
နားမလည်လို့ အားမလျော့လိုက်ပါနဲ့နော်။
tense ဆယ့်နှစ်မျိုးလုံးပြီးသွားတဲ့အခါ ချိတ်ဆက်လေးတွေနဲ့ပြန်ရှင်းသွားပါမယ်။အဲ့ခါကျရင် နားလည်သွားမှာပါ။ ကျွန်မတုန်းကဆိုရင်ဆရာရှေ့ထားပြီး သင်ထားတောင် ချာချာလည်နေတာမို့ အခုကပိုဆိုးမယ်ထင်ပါတယ်။
tense အားလုံးပြီးသွားတဲ့အခါ နားလည်သွားမှာပါ။ စိတ်မလျော့လိုက်ပါနဲ့။
grammar ကစိတ်ရှည်ရပါတယ်။ စိတ်ဝင်စားရပါတယ်။
သင်ခန်းစာတွေကို ထပ်ကာထပ်ကာဖတ်ပေးပါနော်။
ဝါကျ ၆ ကြောင်းရေးတဲ့အခါမှာပထမဆုံးလေးကြောင်းကတော့နားလည်မယ်ထင်ပါတယ်။ နောက်ထပ်တိုးလာတဲ့နောက်မြီးဆွဲဝါကျနှစ်ကြောင်းကနဲနဲရှုပ်လို့ပြန်ရှင်းပြပေးပါမယ်။
eg.
5. Mg Mg played the football yesterday , didn't he?
6. Mg Mg didn't play the football yesterday , did he?
ပထမsubj ကိုနောက်တစ်ခါပြန်သုံးရင် (subj pronoun) He,She,It,They တို့ကိုပြောင်သုံးပေးရပါတယ်။
အဲ့လောက်ဆိုနားလည်မယ်လို့ထင်ပါတယ်။အိမ်စာတွေကြိုးစားလုပ်ကြည့်ပေးပါ။

#ဒီနေ့အိမ်စာကတော့........အရင်နေ့က စကားလုံးလေးတွေကိုပဲ အသုံးပြုပြီး မိမိကြိုက်နှစ်သက်တဲ့ သင့်တော်ရာ subject ကိုအသုံးပြုကာဝါကျခြောက်မျိုးစီဖွဲ့ပေးပါ။
V2 ပြောင်းထည့်ပေးဖို့ မမေ့ပါနဲ့ရှင့်။

play= ကစားသည်။
go= သွားသည်။
eat= စားသည်။

***photo comment ပေးပြီး တစ်ပုံနှင့်မဆန့်ပါက reply မှာထပ်ပို့ပေးပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

#ဒီနေ့အတိတ်အကြောင်းသင်ပြီးမို့ Verb တွေကိုအတိတ်ပုံစံပြောင်းနည်းလိုမယ်ထင်ပါတယ်။ ဒီနေ့ကစပြီး ကျက်မှတ်ရန် ဆိုပြီး သီးသန့်တင်ပေးထားပါမယ်။

Saturday, 2 March 2019

Box-4/3 (#Lesson-2)

သင်ခန်းစာကတော့ Tenses တွေကိုတစ်ခုချင်းစီရှင်းပြပေးသွားမှာပါ။
ဒီနေ့ပထမဦးဆုံးtenseကတော့ Simple present tense အကြောင်းလေးပါ။ ရွတ်ဆိုပုံလေးကို video လေးနဲ့ရွတ်ပြထားပါတယ်။ အလွတ်အမြန်ရွတ်ဆိုနိုင်အောင် ကျက်မှတ်ထားပေးပါ။ အဆင်ပြေပါစေရှင်။
ဒီနေ့အိမ်စာကတော့........
မိမိကြိုက်နှစ်သက်တဲ့ သင့်တော်ရာ subject, object တို့ ဖြည့်စွတ်ပြီး အောက်ပါ verb များကို အသုံးပြုကာ ၀ါကျခြောက်မျိုးစီဖွဲ့ပေးပါ။
play - ကစားသည်။
go - သွားသည်။
eat - စားသည်။
***photo comment ပေးပြီး တစ်ပုံနှင့်မဆန့်ပါက မိမိcommentရဲ့ reply မှာထပ်ပို့ပေးပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။



Friday, 1 March 2019

Box-4/3 (#Lesson-1)

o be, Verb to have သင်ခန်းစာတွေပြီးပြီဆိုတော့ ဒီနေ့ Verb to do အခန်းလေးကို ကြည့်ရအောင်ပါ။
၎ခုမြောက် သေတ္တာထဲကထွက်လာတဲ့ တတိယမြောက်အထုတ်ကြီးဖြစ်ပါတယ်။  ဒီသင်တန်းရဲ့ အရေးအကြီးဆုံးအပိုင်းကိုရောက်ပါပြီ။ Verb to do ဆိုတဲ့အထုတ်ကို ဖြည်ကြည့်ကြပါစို့ရှင်။

ဒီနေ့သင်ခန်းစာလေးကတော့ verb to do သင်ခန်းစာမှာပါဝင်တဲ့ tense-12 မျိုးပဲဖြစ်ပါတယ်။ ကျက်မှတ်ထားစေချင်ပါတယ်။
ဘာ tense ကဘယ်လိုပုံစံလေးဆိုတာ ကြည့်လိုက်တာနဲ့ တန်းသိတဲ့အထိ သေချာကျက်ထားရင်ပိုကောင်းပါတယ်။
#ဒီနေ့အိမ်စာမလုပ်ရပါဘူး။ စာကျက်ထားစေချင်တာပါ။ လေ့လာချိန်လေးတွေ ရေးခဲ့ပါနော်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

#မှတ်ချက်//
၁။ ဒီ post ကို like မပေးပါနဲ့။
၂။ ၂၄ နာရီအတွင်း လေ့လာပါ။
၃။ သင်ခန်းစာပို့စ်များကို စာအုပ်ထဲ ကူးရေးထားနိုင်ပါတယ်။ save ထားနိုင်ပါတယ်။ screenshot လုပ်ပြီးလည်း သိမ်းထားနိုင်ပါတယ်။
၎။ သင်တန်းကာလအတွင်း copy. screen shot စသည်လုပ်၍ share ခြင်း ခွင့်မပြုပါ။

Box-4/2 (#Lesson-2)

အခက်အခဲလေးတွေကြောင့်သင်ခန်းစာတင်ချိန်နောက်ကျခဲ့
လို့အားလုံးကိုတောင်းပန်ပါတယ်။
ဆက်သင်မယ့်သင်ခန်းစာလေးကတော့ have အသုံးပြုပုံနဲ့ ပတ်သက်ပြီး အထွေထွေသိမှတ်ဖွယ်လေးတွေပဲဖြစ်ပါတယ်။

သင်ခန်းစာကို သေချာလေ့လာပြီး ဒီနေ့လုပ်ရမယ့် အိမ်စာလေးကတော့
၁။မင်းအိမ်စာကို လုပ်ရမယ်။
၂။ကျွန်တော်ဈေးကိုသွားဖို့ရှိတယ်။
၃။ကျွန်တော်အားလပ်ရက်တိုင်း ကျွန်တော့အ၀တ်တွေကိုလျှော်တယ်။
(အင်္ဂလိပ်၊ မြန်မာတွဲရေးပေးပါ။)

#လေးဝါကျပြောင်းစရာ မလိုပါဘူးနော်။ အိမ်စာလေးကတော့ နည်းနည်းလေးပါ။ ပြီးအောင်လုပ်ရအောင်ပါနော်။
ဒီနေ့သင်ခန်းစာထဲကအတိုင်း လုပ်ကြည့်ပေးပါ။ ပျော်ရွှင်စွာလေ့လာနိုင်ပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။